CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, November 28, 2008

ကျောင်းသား/ ကျောင်းသူများကိုသာရည်ညွန်းပါသည်။

ကျွန်တော် အခုတလော သေသေချာချာ စဉ်းစားကြည့်ဖြစ်တာ တစ်ခုရှိတယ်...ကျွန်တော်တို့တွေ လိုအပ်ချက်တွေ နောက်ပဲ လိုက်မိနေသလိုပဲ...အဓိကကျတဲ့ Theory ပိုင်းဆိုင်ရာတွေကို လစ်လျူရှုထားမိတယ်..ကျွန်တော်တို့ programming ပိုင်းတွေ လေ့လာတယ်..အတွေ့အကြုံတွေ နည်းစနစ်အသစ်တွေတော့ရပါတယ်ဗျာ...ဒါပေမယ့် တိုးတက်မှုနှုန်းက တော်တော်လေးနှေးနေတယ်ဗျ...တတ်တဲ့ Language တွေကအများကြီးပဲ..ဒါပေမယ့် သိတဲ့ Theroy တွေက နည်းနည်းလေးဗျ...နောက်ပြီး UML ပိုင်းမှာလည်း တော်တော်အားနည်းတယ်..နောက်ပြီး Database သမားဆိုတာ လက်ချိုးရေလို့ရတယ်..တော်တော်လေးကို ရှားပါတယ်..အခု လူတော်တော်များများဟာ programming ပိုင်းကိုလေ့လာတယ်...Programming စာအုပ်တွေ အသေအကြေဖတ်တယ်..ကဲ.. ဘယ်သူတွေ Software Engineering စာအုပ်ဖတ်လဲ...ဘယ်သူတွေ Database Management စာအုပ်တွေ..UML စာအုပ်တွေဖတ်လဲ...အရမ်းရှားပါတယ်ဗျာ..မရှိတာတော့ မဟုတ်ဘူး...တော်တော်လေးကို ရှားတာ..ကျွန်တော်တို့ လက်တွေ့လုပ်တဲ့အခါ theory တွေမသိတော့..ကိုယ်ပိုင် အတွေးအမြင်...ကိုယ်ပိုင် အသိနဲ့လုပ်တော့..နှေးကုန်တယ်ဗျ...ကိုယ်ရလာတဲ့ idea တွေ... experience တွေက..စာအုပ်ထဲမှာ ရေးထားတာတွေဖြစ်နေတယ်..တကယ်လို့ theory ပိုင်းဆိုင်ရာတွေသာကြိုဖတ်ထားမယ်.. လေ့လာထားမယ်ဆို..ဘယ်လိုပြသနာလာရင် ဘယ်လိုရှင်းရမလဲဆိုတာ ကြိုသိနေတော့..လုပ်ရကိုင်ရတာပိုမြန်တယ်လို့ကျွန်တော်ထင်တယ်..ကျောင်းမှာဆိုရင် SE , Database တွေက ကျက်စာတွေ...အလွတ်ကျက်ကြတာပဲ..အဲဒါတွေက စာမေးပွဲအောင်ဖို့လေ...တကယ်လည်းမသိဘူး.. စာမေးပွဲအောင်ရုံ ကျက်နေကြတာ...UCSY က ထွက်ရင် လက်တွေ့လောကမှာ ပြသနာတွေ အများကြီးကြုံရတာမဆန်းဘူးဗျ..ကျောင်းက စာအုပ်တွေက theory တွေပဲ...လက်တွေ့တစ်ခုမှ မပါဘူး..သေသေချာချာစဉ်းစားကြည့်ရင်...လက်တွေ့ပိုင်းဆိုင်ရာတွေက အပြင်မှာ သင်တန်းတွေ ပုံနေတာပဲ..ကြိုက်တဲ့နေရာမှာ တက်... တတ်သွားမှာပဲ...theroy တွေကတော့ UCSY မှာပဲတင်တယ်..ဒီကစာအုပ်တွေကို ဘယ်သင်တန်းမှာမှ မသင်ဘူး...ကျောင်းမှာက project မလုပ်ရတော့...တော်တော်ဆိုးတယ်..တကယ်တန်းလုပ်ရမယ်ဆိုရင်..ကျောင်းက သင်တဲ့ theory တွေကို လက်တွေ့သုံးတတ်လာပြီး..အပြင်မှာတော်တော်အသုံးဝင်လာနိုင်တယ်ဗျ..အခုတော့ သင်တာက ကျက်ဖို့...ကျက်တာက အောင်ဖို့လိုဖြစ်နေပြီ..သုံးဖို့အတွက် မပါဘူးလိုဖြစ်နေတယ်...ကျွန်တော်ကတော့ အခုတလော Software Engineering စာအုပ်ကိုပြန်ဖတ်နေတယ်...စာမေးပွဲဖြေဖို့လည်း ပါတာပေါ့..ဒါပေမယ့် တလုံးမှ ကျက်လို့မရဘူး..နားတော့တဖြည်းဖြည်းလည်လာတယ်..အစက နားမလည်ဘူး..၃ ၊ ၄ ခေါက်လောက်ဖတ်ရတယ်...တအုပ်လုံး ဖတ်ဖို့ဆိုရင်တော့ တော်တော်လေးအချိန်ပေးရမှာပဲ...အားရင်တော့ စာကျက်ဖို့မဟုတ်ပဲ စာလေးဖတ်ကြပါလို့ UCSY ကျောင်းသားကျောင်းသူတွေကို ပြောချင်တယ်ဗျာ..

0 comments: